မန်ယူနှင့် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် နောက်ခံလူ လုခ်ရှောသဘောတူ

2
နောက်ခံလူ လုခ်ရှောဟာ မန်ယူအသင်းနဲ့ လေးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက ဆောက်သမ်တန်ကနေပြောင်းရွှေ့လာတဲ့ လုခ်ရှောဟာယူနိုက်တက်မှာ ဆယ်စုနှစ်နီးပါးလောက်ကစားခဲ့ပြီးပါပြီ။
သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်လည်းရှိနေသေးပေမဲ့ လုခ်ရှောရဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ယူနိုက်တက်ဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။
သူဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် ၃၅ ပွဲအထိကစားခဲ့ပြီး တစ်ဂိုးသွင်း၊ ၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဗဟိုခံစစ်မှူးနေရာမှာပါ ခြေစွမ်းပြနေတဲ့ လုခ်ရှောဟာ စာချုပ်သစ်မှာ လုပ်ခလစာတိုးမြှင့်ရရှိဖွယ်ရှိတယ်လို့လည်း သိရပါတယ်။