ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ခဲ့သော်လည်း ပွဲပန်းမှုကြောင့် အောင်ပွဲမခံနိုင်ခဲ့ဟု ဂွါဒီယိုလာပြော

မန်စီးတီးအသင်းသားတွေဟာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပေမဲ့ ပွဲပန်းမှုကြောင့် အောင်ပွဲခံနိုင်ခဲ့ခြင်းမရှိကြောင်း နည်းပြဂွါဒီယိုလာကပြောပါတယ်။
ဘိုင်ယန်အသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်အပြီး အဝတ်လဲခန်းထဲကို သွားရောက်ရာမှာ အသင်းသား အားလုံးက ပင်ပန်းနေကြပြီး ထိုင်နဲ့သူကထိုင်၊ စကားနည်းနည်းပြောတဲ့သူပြောပြီး စွမ်းအားပြည့် အချိုရည်သောက်တဲ့သူက သောက်နေကြကာ အောင်ပွဲခံပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာမရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်ပြိုင်ပွဲကစားအပြီးမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အနေနဲ့ စနေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင် သွားရမှာပါ။
မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေကို အရင်ဆုံးရယူနိုင်မှသာ တစ်ရာသီအတွင်း ဆုဖလား သုံးလုံးရည်မှန်းချက်စတင်ထားရှိမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာ က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပွဲတွေကစားဖို့ကျန်သေးပြီး ရှက်ဖီးလ်နဲ့ပွဲကိုသာအာရုံစိုက်ထားကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။