close

လီဗာပူးနှင့်ပွဲကခြေစွမ်းဟာ ၇ နှစ်အတွင်း အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ကြောင်း ဂွါဒီယိုလာ ချီးကျူး

လီဗာပူးအသင်းကို ၄ ဂိုး ၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ စီးတီးနည်းပြဘ၀ ၇ နှစ်တာကာလအတွင်းမှာ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးဟာ လီဗာပူးအသင်းကို ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ လေးဂိုးသွင်းပြီး ဂိုးပြတ်နိုင်ပွဲရ ယူနိုင်ခဲ့တာပါ။

ဦးဆောင်ဂိုးပေးလိုက်ရတာကလွဲရင် ပွဲအစကနေ အဆုံးအထိ ထိန်းချုပ် ကစားနိုင်ခဲ့ကြောင်း၊ လစ်ဗာပူးရဲ့ ရွှေ့လျားမှုတွေကို သတိထားခဲ့ရပေမဲ့ ကစားသမားတွေ အကောင်းဆုံးကစားနိုင်ခဲ့ပြီး မန်စီးတီးနည်းပြဘ၀ ၇ နှစ်တာကာလအတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ပွဲစဉ် တစ်ပွဲဖြစ်ခဲ့ကြောင်း ဂွါဒီယိုလာကချီးကျူးခဲ့တာပါ။

ဆက်လက်ပြီး တောင်ပံတိုက်စစ်မှူးတွေဖြစ်တဲ့ ဂျက်ဂရေးလစ်ရှ်နဲ့ မာရက်ဇ်တို့ရဲ့ ခြေစွမ်းကိုလည်း နည်းပြဂွါဒီယိုလာက တခုတ်တရချီးကျူးသွားပါတယ်။ 

Up