close

ပွဲဆက်များတာက အာရုံစူးစိုက်မှုအပိုင်း ကောင်းမွန်စေဟု မန်စီးတီးနည်းပြပြော

ပွဲဆက်များတာက ကစားသမားတွေရဲ့အာရုံစူးစိုက်မှုအပိုင်းမှာတော့ ကောင်းမွန်စေတယ်လို့ မန်စီးတီး နည်းပြဂွါဒီယိုလာကပြောပါတယ်။  

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ ဖလားပွဲစဉ်တွေကို သုံးရက်တစ်ပွဲနှုန်းလောက်နဲ့ ကစားရဖို့ရှိတာပါ။

ပြိုင်ဘက်အာဆင်နယ်အသင်းနဲ့ယှဉ်မယ်ဆိုရင် ပွဲစဉ်တွေပိုများနေတာက အကျိုးသက်ရောက်မှု ရှိမရှိဆိုတာ မသိနိုင်ပေမဲ့ ပွဲဆက်များတာက အာရုံစူးစိုက်မှုအပိုင်းမှာတော့ ကောင်းမွန်စေတယ်လို့ ဂွါဒီယိုလာကပြောပါတယ်။

မန်စီးတီးအသင်းအနေနဲ့ တစ်ပတ်ကို တစ်ပွဲသာကစားရမယ်ဆိုရင် အာရုံစူးစိုက်မှု ပျောက် ဆုံးလေ့ရှိကြောင်း၊ တစ်ပတ်ကို သုံးပွဲလောက်ကစားရတာက  ကစားသမားတွေရဲ့စိတ်ထဲမှာ ဘောလုံးအပေါ်မှာပဲ အာရုံရှိစေသလို အသင်းလိုက်ဟန်ချက်ညီမှုလည်းရှိစေကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။

Up