တောင်ကိုရီးယားနှင့် အမေရိကန် လေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်

တောင်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံတို့ဟာ လေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင်မှုကို ဧပြီ ၂၁ ရက်မှာ ပူးတွဲလုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အတည်ပြုပါတယ်။
ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စလှုံဆော်မှုတွေအပေါ် ဟန့်တားနိုင်ရေးအတွက် ကြီးမားတဲ့ လေကြောင်းဆိုင်ရာ ပူးပေါင်းလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာတော့ နှစ်နိုင်ငံစလုံးရဲ့ တိုက်လေယာဉ်တွေဟာ ပုံစံဖော် ပျံသန်းခဲ့ကြတာကိုတွေ့ရပြီး စစ်ရေးလေ့ကျင့်မှု မတိုင်ခင်မှာ လည်း ဒီလေယာဉ်မှူးတွေက စစ်ရေးဆိုင်ရာ အသေးစိတ်ညွှန်ကြားမှုကို တက်ရောက် နားထောင်ခဲ့ကြပါတယ်။
နှစ်နိုင်ငံအကြား စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၇ ရက်မှစတင်ကာ ၁၂ ရက်ကြာ ပူးပေါင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံကတော့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် အရှိန်မြှင့်တင်ကာ " ပိုမိုလက်တွေ့ ကျပြီး ထိုးစစ်ဆန်တဲ့" လှုပ်ရှားမှုတွေနဲ့အတူ ခြိမ်းခြောက်လာတာကြောင့် တင်းမာမှု မြင့်တက်နေပါတယ်။
ဒါကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေဟာ "နျူးကလီးယားစစ်ပွဲအတွက် စိတ်ဓာတ်ခိုင်မာမှုတွေ"နဲ့အတူ အစမ်းလေ့ကျင့်ခဲ့ကြတာဖြစ်တယ်လို့ ဆိုကာ နှစ်နိုင်ငံအကြား နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့တဲ့ နွေဦးစစ်ရေးလေ့ကျင့်မှုကို အကောင် အထည်ဖော်ခဲ့ကြတာပါ။