close

နည်းပြပိုချက်တီနိုကို ရက်ပိုင်းအတွင်း ချဲလ်ဆီးအသင်းခေါ်ယူခန့်အပ်မည်

ချဲလ်ဆီးအသင်းဟာ အာဂျင်တီးနားနည်းပြပိုချက်တီနိုကို ရက်ပိုင်းအတွင်းမှာပဲခေါ်ယူခန့်အပ်တော့ မယ်လို့သိရပါတယ်။

နည်းပြလမ်းပတ်က ယာယီနည်းပြအနေနဲ့တာဝန်ယူထားပေမဲ့ ရှုံးပွဲဆက်နေတာကြောင့် အမြဲတမ်းနည်းပြတစ်ဦးကို အမြန်ဆုံးခန့်အပ်ဖို့ ချဲလ်ဆီးအသင်းကစီစဉ်ခဲ့တာပါ။

အစောပိုင်းက ဘိုင်ယန်နည်းပြဟောင်း နာဂယ်စ်မန်းနဲ့ ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ပြီးနောက် စပါးနဲ့ ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုနဲ့ ဆွေးနွေးခဲ့တာပါ။

နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေလုပ်ဆောင်နေပြီး နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိထားပြီဖြစ်လို့ မကြာခင်ရက်ပိုင်းအတွင်းမှာ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ရှိတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြဂရေဟမ်ပေါ်တာကို မခန့်အပ်ခင်ကတည်း ပိုချက်တီနိုနဲ့ ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။ 

Up