သင့်တော်သည့် မဟာဗျူဟာ ချမှတ်လုပ်ဆောင်ရန် ချဲလ်ဆီးအသင်းကို ဆေးလ်ဗားတိုက်တွန်း

ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေအနေနဲ့ သင့်တော်တဲ့မဟာဗျူဟာတခု ချမှတ်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း နောက်ခံလူ သီယာဂိုဆေးလ်ဗားက တိုက်တွန်းသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း ထွက်ခဲ့ရပြီး လာမယ့်နှစ်မှာလည်း ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ မရှိနိုင်တော့တဲ့ အခြေအနေပါ။
လက်ရှိအချိန်ဟာ ချီတုံချတုံ လုပ်ဆောင်မှုတွေနဲ့အတူ အသင်းအတွက် အလွန်ခက်ခဲတဲ့ အချိန်ဖြစ်ကြောင်း၊ အသင်းရဲ့အရွယ်အစားနဲ့ မကိုက်ညီတဲ့ အဝတ်လဲခန်း အရွယ်အစားကိုလည်း တိုးချဲ့သင့်ကြောင်း ဆေးလ်ဗားက ပြောပါတယ်။
အပေါင်းလက္ခဏာဆောင်တဲ့အချက်က အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတာဖြစ်ပြီး သင့်တော်တဲ့ မဟာဗျူဟာတခုချမှတ်ပြီး လာမယ့်ရာသီမှာ အခုနှစ်ရာသီလို အမှားတွေမဖြစ်အောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း သီယာဂိုဆေးလ်ဗားက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ရမယ့် အဆင့် ၅ နေရာက စပါးနဲ့ ၁၄ မှတ်အထိ ပြတ်နေပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။