close

ဘရိုက်တန်လိုအသင်းကောင်းဖြစ်ရန် အချိန်လိုအပ်ဟု ရှုံးပွဲတွေ့ပြီးနောက် ချဲလ်ဆီးနည်းပြပြော

ဘရိုက်တန်လိုအသင်းကောင်းတစ်သင်းဖြစ်ဖို့ အချိန်လိုအပ်ကြောင်း ချဲလ်ဆီးနည်းပြလမ်းပတ်က ပြောသွားပါတယ်။

ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက်အသင်းရဲ့ခြေစွမ်းကို နည်းပြလမ်းပတ်ကချီးကျူးခဲ့ပြီး အဲဒီလိုဖြစ်ဖို့ဆိုရင် အချိန်ယူရမှာဖြစ်ကြောင်း ပွဲအပြီးမှာ နည်းပြလမ်းပတ်က ပြောသွားတာပါ။

ဘရိုက်တန်က အလွန်ကောင်းမွန်တဲ့အသင်းဖြစ်ပြီး အချိန်ကြာမြင့်စွာ အတူတကွ လေ့ကျင့်ထားတာကြောင့် အသင်းလိုက်ချိတ်ဆက်မှု၊ အတွေးစိတ်ကူး၊ ကြံ့ခိုင်မှုနဲ့ ခွန်အားတွေမှာ ကောင်းမွန်ကြောင်း နည်းပြလမ်းပတ်ကပြောပါတယ်။

“ဘရိုက်တန်အသင်းလို ကစားနိုင်ဖို့ဆိုရင် အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ ပထမဆုံးအရာကတော့ ကစားသမားတွေအပေါ်မှာ မူတည်ပါတယ်။ သူတို့ဟာ အခြေခံအချက်တွေကိုတောင်မှ လွဲချော်နေပါတယ်။ ဒီလိုပုံစံနဲ့ ကျနော်တို့အတွက် မှန်ကန်တဲ့အရာတွေဖြစ်လာနိုင်မှာ မဟုတ်ပါဘူး”လို့ နည်းပြလမ်းပတ်က ပြောပါတယ်။

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာဟာ နည်းပြလမ်းပတ်ရဲ့ ပွဲဦးထွက်သုံးပွဲစလုံး ရှုံးပွဲတွေ့ခဲ့ရ တာဖြစ်ပါတယ်။

Up