ရွန်းနီ၏စံချိန်ကို ကျော်ဖြတ်ပြီး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်သွင်းဂိုး ဒုတိယအများဆုံးဖြစ်လာ

စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက်ရွန်းနီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ဒုတိယအများဆုံးကစားသမားဖြစ်လာပါတယ်။
ဟယ်ရီကိန်းဟာ ပဲလေ့နဲ့ပွဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၉ ဂိုးပြည့်မြောက်ခဲ့ပြီး ၂၀၈ ဂိုးသွင်းခဲ့တဲ့ရွန်းနီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားက နယူးကာ ဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားဖြစ်ပြီး ဂိုး ၂၆၀ သွင်းယူထားတာပါ။
ဟယ်ရီကိန်းဟာ ပွဲပေါင်း ၃၁၇ ပွဲမှာပဲ ၂၀၉ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရွန်းနီးထက် ၁၇၄ပွဲ လျော့နည်းကစားပြီး သွင်းယူနိုင်ခဲ့တာပါ။
ဝိန်းရွန်းနီက စုစုပေါင်း ၄၉၁ ပွဲမှာ ၂၀၈ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ပရီမီးယားလိဂ်ဂိုးအများဆုံးစံချိန်တင်ထားတဲ့ အလန်ရှီးယားကိုလိုက်မီဖို့ ၅၁ ဂိုးလိုအပ်နေသေးပြီး စံချိန်သစ်တင်နိုင်ဖို့ နှစ်ရာသီလောက် စောင့်ရဖို့ရှိပါတယ်။