ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဘေးအန္တရာယ်မှ ပြည်သူတွေကို ကာကွယ်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၂၁ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို နည်းပေါင်းစုံနဲ့ဆန့်ကျင်ကာ မိမိတို့ရဲ့ ရပ်ရွာတွေကို ကာကွယ်ပေးနေကြတဲ့ ရဲဘော်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ခုခံ တိုက်ခိုက်နေသူတိုင်းဟာ ပန်းတနော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပုသိမ်မြို့နယ်နဲ့အနီးဝန်းကျင်မှာ အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေ ကို စစ်အကြမ်းဖက်တွေရဲ့ ဘေးအန္တရာယ်မှ ကာကွယ်ဖို့၊ CDM ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ ခုခံဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကို တခြားမြို့နယ်တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ဆောင်မှာ ဖြစ်သလို NUGနဲ့ ချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ် အကြွင်းမဲ့ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။