သီပေါမြို့က စစ်ရှောင်ပြည်သူ ၃၅၀ ကျော် ရေ၊ မီး အခက်အခဲကြုံနေ

2
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့က စစ်ရှောင်ပြည်သူ ၃၅၀ ကျော်ဟာ မီးနဲ့ ရေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
“သူတို့က မန်လီ၊ တာပုလဲ၊ ပန်လုံဘက်က စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေတဲ့သူတွေပါ။ အစက ရေဟော်စာသင်ကျောင်းမှာနေခဲ့ပြီး အခု သီပေါမြို့ပြင် ဘက်စုံသုံး အဆောက်အဦကို ပြောင်းရွှေ့ပါတယ်။ သူတို့က မီးမရှိတော့ ရေတင်မရ၊ ရေမရတော့ အိမ်သာတက်ဖို့တောင် ရေမရှိဘူးဗျ” လို့ အကူအညီပေးနေသူတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ စားသောက်ရေးအတွက် အလှူရှင်တွေက လာလှူနေကြတာကြောင့် အဆင်ပြေနေသေးတယ်လို့ ဆိုပါတယ်။
