ကျောင်းအပ်သူနည်းသည့် မြောင်းမြမြို့က ကျောင်းများမြင်ကွင်း (ဓာတ်ပုံ)




အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းတွေကို မေ ၂၄ ရက်နေ့မှာ ကျောင်းအပ်လက်ခံပေမယ့် မြောင်းမြမြို့က ကျောင်းတွေမှာ ကျောင်းလာအပ်သူ အနည်းငယ်သာရှိတယ်လို့ CDM ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဖွင့်လှစ်မယ့်ကျောင်းကို ကျောင်းမအပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ မြောင်းမြမြို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
CDM မဝင်တဲ့ ဆရာ၊ ဆရာမတွေကလည်း ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ ကျောင်းလာတက်ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကလေးတွေရဲ့ အသက်အန္တရာယ်စိုးရိမ်တာနဲ့ စစ်ကောင်စီကို အယုံအကြည်မရှိတာကြောင့် ကျောင်းမအပ်ဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
မေ ၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာဦးစီးဌာနကအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်၊ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ၊ ပညာရေးဝန်ထမ်းတွေကို တာဝန်မှယာယီရပ်ဆိုင်းခဲ့ပါတယ်။