A d v e r t i s e m e n t With Us

close

နတ်မောက်မြို့ အလယ်တန်းကျောင်းတွင် ဗုံးပေါက်ကွဲ

မကွေးတိုင်း နတ်မောက်မြို့ တမာပင် အလကမှာ မေလ ၂၄ ရက်နေ့က ဗုံးပေါက်ကွဲ ပြီးတော့ စာသင်ကျောင်း မျက်နှာကြက်တချို့ ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တမာပင်အလကမှာ မွန်းလွဲ ၃ နာရီကျော်လောက်က ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက် ကြားလိုက်လို့ မြို့ခံပြည်သူတွေ သွားရောက်ကြည့်ရှုကြရာ စာသင်ကျောင်းမျက်နှာကြက် ပျက်ဆီးသွားပြီးတော့ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  လာရောက်ကြည့်ရှုစစ်ဆေးပြီးတော့ ပြန်သွားကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up