A d v e r t i s e m e n t With Us

close

တရက်အတွင်း အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုစုစုပေါင်း၏ သုံးပုံတပုံခန့်မှာ မလေးရှား မှဖြစ်

အရှေ့တောင်အာရှ အာဆီယံဒေသမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် စုစု ပေါင်းရဲ့ သုံးပုံတပုံနီးပါးဟာ မလေးရှားနိုင်ငံက ဖြစ်တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒေသတွင်း နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအသစ် ၂၀,၉၃၁ ယောက်ရှိ ခဲ့ပြီး အရင်နေ့က ကူးစက်မှုအသစ် ၁၉,၄၆၂ ယောက်ရှိခဲ့တာမို့ ကူးစက်မှုအနည်းငယ် မြင့် တက်လာခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးမှုအသစ်ကတော့ ဒေသတွင်း စုစုပေါင်း သေဆုံးမှု ၂၆၂ ယောက်ရှိခဲ့ပြီး အရင်နေ့က သေဆုံးမှုအသစ် ၂၃၇ ယောက်ထက် ပိုမိုမြင့်တက်နေခဲ့တာပါ။

       အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၃ ဒသမ ၈၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၇၆,၀၂၉ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၆,၅၀၉ ယောက်ရှိခဲ့တာမို့ အာဆီယံဒေသတွေထဲ တရက်အတွင်း ကူးစက်မှုစုစုပေါင်းရဲ့ သုံးပုံတပုံနီးပါး ရှိနေခဲ့တာ ဖြစ်ပြီး တရက်တည်း သေဆုံးမှုဟာလည်း ၆၁ ယောက်ထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

       နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅၁၈,၆၀၀ ယောက်ထိ ရှိလာခဲ့ပြီး သေဆုံးသူ ၂,၃၀၉ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေမှာ အလုပ်သမားတွေကို ၆၀ ရာခိုင်နှုန်းထက်မနည်း လျှော့ချသွားဖို့ အမိန့်ထုတ်ပြန် ထားပြီး ဒေသတွင်း သက်ဆိုင်ရာအာဏာပိုင်တွေကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေအလိုက် အလုပ်ချိန်တွေကို ညှိနှိုင်းသွားဖို့ လုပ်ဆောင်နေတာပါ။

       အာဆီယံနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက တတိယမြောက် ကူးစက်မှုအ မြင့်ဆုံးနိုင်ငံဖြစ်နေပြီး  သူ့ရှေ့မှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကူးစက်မှု သန်းချီရှိနေပြီး ဒေသတွင်း ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေအနေနဲ့ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up