A d v e r t i s e m e n t With Us

close

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်များ ကြားဖြတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း  ဆန်တက်လာနဲ့ အကြမ်းဖက် စစ်‌ကောင်စီရဲ့ ရေယာဉ်တွေကို   အမည်မသိလက်နက်ကိုင်အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ကျေးရွာနေ ရွာသားတစ်ဦးက “မော်တော် ၅ စီးကို ဒီကနေ့ မနက်ပိုင်းမှာ အမည်မသိ အဖွဲ့တစ်ဖွဲ့က ဖြတ်တိုက်နေတယ်ဗျ။ မနက်ခင်းကတည်းက သေနတ်သံတွေ ဆူညံနေတယ်။ ကျနော်တို့ ရွာသားတွေကတော့ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက မြွေပိုင်းတောင်အနီးမှာ ဖြစ်နေ ကြတာ။ အဲဒီတောင်အနီးမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ပစ္စည်း၊ ရိက္ခာများ တင်ဆောင်လာတဲ့ အမြန်ရေယာဉ် ၂ စီးနဲ့  ဖလက်မော်တော် ၃ စီးကို  ဖြတ်တိုက်နေတာနဲ့ တူတယ်ဗျ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဖြစ်တာတော့ မဟုတ်ဘူးဗျ။ ဘယ်က လာတိုက်တဲ့အဖွဲ့လဲ မသိဘူး” လို့ ပြောပါတယ်။

ကနီမြို့နယ်မှာ မေလ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက အင်အား အလုံးအရင်းနဲ့ ကျေးရွာတချို့မှာ ဝင်ရောက်တပ်စွဲကာ ပစ္စည်းတွေကို မွှေနှောက် ရှာဖွေ ဖျက်ဆီးယူဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့ မေလ ၂၄ ရက်နေ့ညပိုင်းကလည်း စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ ကင်းရွာက ရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးကြရပြီး လူဦးရေ ၃၀၀၀ ဝန်ကျင်းအထိ တောထဲမှာ ရှောင်တိမ်းနေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up