ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ ဟာ မေ ၂၇ ရက် မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ပါတယ်။
ဦးမြင့်ဆွေနဲ့ ဇနီးဖြစ်သူတို့ဟာ ကြက်မောက်ခြံကို သွားရာလမ်းမှာ အမည်မသိသူ နှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဦးမြင့်ဆွေဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။