ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအင်အားထောင်ချီဆန္ဒပြ








စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းဒေသက ကျေးလက်နေပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ကျဆုံးသူ ရဲကောင်း ကိုချမ်းမြေ့ကျော် (ခ)ဖိုးချမ်း ကွယ်လွန်ခြင်း ၂ လပြည့်အထိမ်းအမှတ်ဆုတောင်းပွဲကို မေ ၂၇ ရက်က အင်အား ထောင်ချီနဲ့ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ တက်ရောက်လာတဲ့ပြည်သူအားလုံးက သူရဲကောင်း ကိုချမ်းမြေ့ကျော်ကို ဂုဏ်ပြုသောအားဖြင့် နှင်းဆီပန်း၊ စံပါယ်ပန်းတွေနဲ့ သူ့ရဲ့အုတ်ဂူမှာ အမှတ်တရ ဂုဏ်ပြုခဲ့ကြသလို ဒီမိုကရေစီတောင်းဆိုရင်း ကျဆုံးခဲ့ရတဲ့ နိုင်ငံတဝန်းက သူရဲကောင်းတွေအတွက် ဆုတောင်းတာ အမှတ်တရကဗျာ ရွတ်ဖတ်ဂုဏ်ပြုတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
အသက် ၃၀ အရွယ် ကိုချမ်းမြေ့ကျော်(ခ)ဖိုးချမ်းဟာ မတ်လ ၂၇ ရက်က ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူးပေါင်းပြုလုပ်တဲ့ စစ်အာဏာရှင်တော်လှန်ရေးသပိတ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။