close

ယင်းမာပင်နှင့် ဆားလင်းကြီးပူးပေါင်းသပိတ်ကို မုံရွာပင်မသပိတ် လာ​ရောက်ဝန်းရံ

​မေလ ၂၉ ရက်​က စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချ​ရေး စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ် ပူးပေါင်းသပိတ်ကို မုံရွာပင်မသပိတ် ဦး​ဆောင်​ကော်မတီဝင်​တွေ လာ​ရောက်ဝန်းရံပူး​ပေါင်းခဲ့ပြီး အင်အား ၁,၀၀၀ ​ကျော် ဆန္ဒ​ပြခဲ့ပါတယ်။

ဒီက​နေ့ဆန္ဒပြပွဲမှာ လာ​ရောက်ဝန်းရံပူး​​ပေါင်းတဲ့ မုံရွာပင်မသပိတ်​ဦး​ဆောင်ကော်မတီဝင် မုံရွာတက္ကသိုလ်​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက “ဒီ​လို​တော်လှန်​ရေးလုပ်ရင် ကျ​နော်တို့အသက်​တွေ ဘဝ​တွေ ​ပေးဆပ်ရမှာသိ​ပေမယ့် တိုင်းပြည်နဲ့ နောင်လာမယ့် မျိုးဆက်သစ်​ အနာဂတ်​ကောင်းစား​ဖို့အတွက် ကျ​နော်တို့ရဲ့ တဘဝစာ​လေးကို ပေးဆပ်ကာ တော်လှန်​​နေတာဖြစ်ပြီး ​အနာဂတ်မျိုးဆက်သစ်​တွေရဲ့ဘဝ​တွေ မ​သေ​စေဖို့ စစ်အာဏာရှင်ကို အပြီးတိုင်ဖြုတ်ချမယ်” လို့ ပြောပါတယ်။

မြို့နယ်ပူး​ပေါင်းသပိတ်တပ်ဟာ စစ်အာဏာရှင်ကို ​ဆန့်ကျင်​တော်လှန်လာခဲ့တဲ့ ရက်​ပေါင်း ၈၀ ပြည့်​မြောက်ခဲ့ပြီဖြစ်သလို ဆန္ဒ​ပြ​တဲ့ အင်အား​ကောင်း​နေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up