close

မြောင်းမြတွင် ပရဟိတကျောင်းဆရာမအပါအဝင် ၄ ဦး အဖမ်းခံရ

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှာ မေ ၃၀ ရက်ညပိုင်းက စစ်ကောင်စီလက်နက်ကိုင်တွေက ပရဟိတကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာမ အပါဝင် ၄ ယောက်ကို  ဖမ်းဆီးသွားပါတယ်။

ရန်ကုန်က ပရဟိတကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာမ ဒေါ်သိန်းသိန်းဝင်းနဲ့ ဆရာမ အမျိုးသား၊ ဓာတ်ပုံဆရာ သန်းမြတ်ထွန်းနဲ့ နောက်လူငယ် တစ်ဦးကို မနေ့ည ၁၀ နာရီ ကျော်လောက်မှာဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"ညက တော်တော်နောက်ကျမှာ ဝင်ဖမ်းတာ ရှောင်ဖို့တော့ ပြောထားတယ်။ တချို့လည်း ရှောင်နေတာ အဲဒါတာကို ဝင်ဖမ်းသွားတာ၊ ဆရာမဆိုရင် ပရဟိတကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာမပါ။ အဲဒါကိုပါ ဖမ်းသွားတာ''လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပရဟိတကျောင်းက ဆရာမအပါဝင် ၄ ယောက်ကို ဘယ်နေရာမှာ ဖမ်းဆီး စစ်ဆေးနေတယ်ဆိုတာနဲ့ ဘာပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတယ်ဆိုတာတော့ မသိရသေးပါဘူး။

မြောင်းမြမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၅၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up