မြင်းခြံလူထု စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြ



မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဗကသများအဖွဲ့ချုပ် (မြင်းခြံ)နဲ့ လူထုလှုပ်ရှားမှု ကော်မတီ(မြင်းခြံ)တို့ ပူးပေါင်းပါဝင်တဲ့ ဒေသခံပြည်သူတွေက မေ ၃၁ ရက်နေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
အဖိနှိပ်ခံပြည်သူလူထုက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ပြီး အေးမြသီတာစျေး မှာ လမ်းလျှောက် ချီတက် ဆန္ဒပြကြတာဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်ရေး၊ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။
မြင်းခြံမှာ လုံခြုံရေး၊ စစ်ဆေးရေး တင်းကျပ်ထားတဲ့ကြားက ဒေသခံပြည်သူတွေက စစ်အာဏာရှင် အလိုမရှိကြောင်း အခါအခွင့်ရသလို ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။