close

ရန်ကုန်မြို့လမ်းမများတွင် အကြမ်းဖက်စစ်အုပ်စုက အဖြူရောင်အမှတ်အသားများ လိုက်လံ ရေးဆွဲနေ

ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေထက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ ညဘက်အချိန်တွေမှာ  အဖြူရောင် အမှတ်အသားတွေ လိုက်လံ ရေးဆွဲနေပါတယ်။ 

လေးထောင့်အကွက်တွေနဲ့ သင်္ကေတတစ်ခုခုလိုပုံစံမျိုး ရေးဆွဲထားတာကြောင့် ပြည်သူတစ်ချို့က စိုးရိမ်နေကြပါတယ်။ တစ်ချို့ကလည်း ဝေဟင်ပေါ်ကနေ မြင်အောင် အမှတ်အသားလုပ်ထားမျိုး ဖြစ်နိုင်တယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။ 

တချို့နေရာတွေကတော့ အရင်က WE WANT DEMOCRACY, WE WANT JUSTICE စာတန်းရေးဆွဲထားတာ မြေပုံပေါ် ပေါ်နေတာကို ဖျက်ချင်တာကြောင့် လို့လည်း မှတ်ချက်ပေးနေကြပါတယ်။  

တာမွေမြို့နယ်မှာတော့ စစ်ကားတွေညဘက်လိုက်လည့်ပြီး  WE WANT DEMOCRACY  လို့ အဖြူနဲ့ရေးထားတဲ့ စာတန်းတွေပေါ်မှာ  ဆေးအမည်းတွေနဲ့ လိုက်သုတ်ဖျက်ဆီးနေတာလည်း ရှိပါတယ်။

မနေ့ည ၁၀ နာရီခွဲ ဝန်းကျင်လောက်ကလည်း ကမ္ဘာအေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီဘက်က အဖြူရောင် ဆေးကွက်ဆွဲသွားခဲ့ပြီး အရင်ရက်တွေက ပန်းလှိုင်လမ်းနဲ့ အထက်ကြည့်မြင်တိုင်လမ်းတို့မှာ ရေးဆွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

Photo-crd

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up