မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်းများ ဆက်လက်ဆန္ဒပြ














မန္တလေးမြို့မှာ ဇွန်လ ၃ ရက် ဒီနေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ စစ်ကျွန်ပညာရေးစနစ်ဆန့်ကျင်ရေးအတွက် အထွေထွေသပိတ်စစ်ကြောင်းတွေ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အောင်မြေသာစံ ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းနဲ့ အတူ မဟာအောင်မြေလူထုသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းပြီး သပိတ်မှောက်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဒါ့အပြင် မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ်ထဲက ပန်းဈေးမှာလည်း ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးမိသားစု (မန္တလေး) အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။