close

စစ်အာဏာသိမ်း ၄ လကျော်အတွင်းကျဆုံးပြည်သူ ၈၄၅ ဦး၊ မျက်ကွယ်သေဒဏ်ပေးခံရသူ ၃၁ ဦးရှိ

မတရားစစ်အာဏာသိမ်းကာလ ၄ လကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၄၅ ယောက် ကျဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃ ရက်အထိ မှတ်တမ်းပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၆၅၂ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၅၀၉ ယောက်ကတော့ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၃၁ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံ ထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက် ညအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ မှာ အကြမ်းဖက်စစ်အုပ်စုက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် လူ ငယ် ၁ ယောက် နဖူးတည့်တည့်ကို ကျည်ထိမှန် ကျဆုံးသွားခဲ့ပြီး ကျန်ပြည်သူ ၁ ယောက် ကတော့ ပါးစပ်ကို ကျည်ထိမှန်ကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဇွန် ၃ ရက် မနက်အစောပိုင်းမှာတော့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ စိန်ပန်းရပ်ကွက် စိန်ပန်းသပိတ် စစ်ကြောင်းမှာ ပါဝင်တဲ့ NLD ပါတီဝင် ၂ ယောက်ကို နေအိမ်တွေမှာ ရိုက်နှက်ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာတော့ ဆန္ဒထုတ်ဖော်လို့ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို အခမဲ့ရှေ့နေလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို ဇွန် ၂ ရက်နေ့က မြစ်ကြီးနားထောင်တွင်းတရားရုံးမှာ အမှုတခုကို စစ်ဆေးပြီးနောက် စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားမြို့မရဲစခန်းမှာ ချုပ်နှောင်ထားကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေ ပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်း ကြားဖို့လည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up