ရေးမြို့နယ်က Non CDM ဝန်ထမ်းများကို ထာဝရစစ်ကျွန်အဖြစ်သတ်မှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ Non CDM ဝန်ထမ်းတွေကို ရေးမြို့တော်လှန်ရေးလူငယ်များအဖွဲ့က ဇွန်လ ၄ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရုံးတက်နေတဲ့ Non CDM ဝန်ထမ်းတွေဟာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်လာအောင် အားပေးနေတဲ့သူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် Non CDM ဝန်ထမ်းများကို ထာဝရစစ်ကျွန်အဖြစ်သတ်မှတ်ကြောင်းနဲ့ လူကြားထဲတိုး၍ မရအောင်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ဒါအပြင် Non CDM ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့တကွက် မိသားစုကိုလည်း တာဝန်ယူမည်မဟုတ်ကြောင်း ရေးမြို့တော်လှန်ရေးလူငယ်များအဖွဲ့က သတိပေးစာ ထုတ်လိုက်တာပါ။