close

ဟင်္သာတ မူလတန်းကျောင်းတွင် ဗုံးတွေ့

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ  ဇွန်လ ၄ ရက် မနက်ပိုင်းက အမှတ် ၁၁ မူလတန်းကျောင်းနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့လို့ လမ်းပိတ်ထားတယ်လို့ သိရပါတယ်။

သုံးပင်ကွင်းလမ်း ဆယ်ထပ်ကြီးဘုရားကုန်းနားက အမှတ် ၁၁ မူလတန်းကျောင်းနားမှာ မနက် ၁၀ နာရီကျော်လောက်က ဗုံးတွေခဲ့တာကြောင် လက်နက်ကိုင်တပ်တွေ ရောက်ရှိလာပြီး လမ်းပိတ်ထားကာ လာသမျှဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို ပြန်လွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကလေးတွေကိုတော့ ပြန်မလွှတ်သေးဘူး ကျောင်းထဲမှာဆက်ထားတယ်။ အပြင်ဘက်ကိုတော့ လမ်းပိတ်လိုက်ပြီ လာသမျှ လူတွေကို ပြန်လွှတ်နေတယ်''လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

မပေါက်ကွဲသေးတဲ့ဗုံးကို တာယာကွင်းတွေနဲ့ ဝိုင်းထားပြီး ဖျက်ဆီးဖို့အတွက် ပြင်ဆင်နေတာတွေ့တယ်လို့ ဆိုပါတယ်။

ဒီမနက်အစောပိုင်းက ဟင်္သာတခရိုင်အတွင်းက မြန်အောင်မြို့မှာလည်း ကြံခိုင်ရေးပါတီဥက္ကဋ္ဌ နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up