ဘီလာရုစ်သမ္မတကို ဖိအားပိုပေးရန် အတိုက်အခံခေါင်းဆောင်တိုက်တွန်း

အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ဥရောပသမဂ္ဂတို့ဟာ ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနဲ့ သူ့အစိုးရကို ပိုမိုဖိအားပေးဖို့ ပူးတွဲဆောင်ရွက်သင့်တယ်လို့ ဘီလာရုစ်အတိုက်အခံခေါင်းဆောင် ဗီယက်လာနာ ဆီခါနိုကာယာက ရိုက်တာသတင်း ဌာနကို ပြောပါတယ်။
ဆီခါနိုကာယာက ဟာ လာမယ့်သီတင်းပတ် ဗြိတိန်ရှိ G7 ချမ်းသာတဲ့ နိုင်ငံများ ထိပ်သီး အစည်းအဝေး မတိုင်ခင်မှာ ပိုလန်နိုင်ငံ ဝါဆောခရီးစဉ်အတွင်း ခုလိုမှတ်ချက်ပေး ပြောကြား လိုက်တာဖြစ်ပြီး အဲ့ဒီမှာ ဘယ်လာရုစ်အတိုက်အခံတွေက တင်ပြတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ဘီလာရုစ်ဟာ ပြီးခဲ့တဲ့လက သူ့ရဲ့လေပိုင်နက်ပေါ်က ရိုင်ယန်-အဲရ်လေကြောင်းလိုင်းကို အတင်းဆင်းသက်စေပြီး အတိုက်အခံဂျာနယ်လစ် တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီးကတည်းက သူ့ရဲ့နိုင်ငံတကာအစီအစဉ်ကို အရှိန်မြှင့်လိုက်ပါတယ်။
ဘီလာရုစ်အတိုက်အခံကတော့ ရိုင်ရန်အဲက အဖြစ်အပျက်နောက်ပိုင်း လုံခြုံရေးကို ပိုမိုစိုးရိမ်လာပေမဲ့ ဒါဟာ အတိုက်အခံတွေကို သူတို့အလုပ် သူတို့လုပ်နေခြင်းကနေ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဆီခါနိုကာယာက ပြောပါတယ်။
ရိုင်ရန်အဲရဲ့ အဖြစ်အပျက်ဟာ နိုင်ငံတော်ကိုထိပါးမှုလို့ ပုံဖော်ပြောဆိုခဲ့တဲ့ ဥရောပသမဂ္ဂ ကတော့ သူတို့ဟာ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုအပေါ် စစ်မှန်တဲ့ အပြစ်ပေးမှုနဲ့ ဒဏ်ခတ်နိုင်ဖို့ ဘီလာရုစ်စီးပွားရေးမှာ အဓိကကျတဲ့နေရာကနေ ပါဝင်လုပ်ဆောင်နေတဲ့ ငွေချေးစာချုပ်ရောင်းအား၊ ရေနံကဏ္ဍနဲ့ ဘီလာရုစ်ပို့ကုန်ကြီးဖြစ်တဲ့ ပိုတက်ရှ်ဆားခဲ စတဲ့ ပစ်မှတ်ကဏ္ဍတွေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။