close

ကျုံပျော်မြို့နယ် ပစ်ခတ်မှုတွင် PDFဘက်က ၃ ဦး ကျဆုံး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးတိုက်နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာမှာ ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တို့  ပစ်ခတ်မှုဖြစ်ပွားပြီး  PDFဘက်က ၃ ဦး ကျဆုံးသွား ပါတယ်။

ဒီမနက် ၈ နာရီဝန်းကျင်ဗုံးပေါက်ကွဲမှုဖြစ်ပွားရာကနေ အစပြုပြီး  PDF အဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သားတွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ 

“လောလောဆယ် ကိုယ်တို့ ပြည်သူတွေဘက်က ၃ ဦးကျဆုံးသွားပြီး နှစ်ဘက်စလုံးက အင်အားထပ်ဖြည့်တာတွေလုပ်နေပါတယ်''လို့ PDF အဖွဲ့ဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ပုသိမ်နဲ့ ဓနုဖြူဘက်က စစ်တပ်တွေကို လာရောက်အင်အားဖြည့်တင်းနေတာကြောင့်  PDF ဘက်က နောက်ဆုတ်လာနေတယ်လို့ သိရပါတယ်။

လှေဆွဲရွာမှာ ဒီမနက် အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို အကြောင်းနဲ့ လာရောက် ဖမ်းဆီးတဲ့အတွက်  ရွာသားတွေက လေးခွနဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကျုံပျော်မြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ ရက်ကိုင်းက ဗုံးတွေ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  အကြမ်းဖက် စစ်တပ်က ပြည်သူတွေကို ညအချိန် ဝင်ရောက်ဖမ်းဆီး တာတွေလည်း ပြုလုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up