တရုတ်ကုမ္ပဏီများအား အမေရိကန်က အမည်ပျက်စာရင်းသွင်းသည့်အပေါ် ကန့်ကွက်

အမေရိကန်ပြည်ထောင်စုဟာ အမျိုးသားလုံခြုံရေးကိုချိုးဖောက်တာနဲ့ တရုတ်ကုမ္ပဏီတွေကို နာမည်ပျက်စာရင်းသွင်းတာကို တရုတ်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဘင်ဝမ်က ဇွန် ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့က တရုတ်ကုမ္ပဏီ အများအပြားကို နာမည်ပျက်စာရင်းသွင်းခြင်း၊ တရုတ်ကုမ္ပဏီတွေဆီက ငွေကြေးဆိုင်ရာအာမခံတွေကို ပိုင်ဆိုင်ခြင်း သို့မဟုတ် အရောင်းအဝယ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေကို တားမြစ်ခြင်း စတာတွေနဲ့ ပတ်သက်တဲ့ အမိန့်ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။
အမေရိကန်အစိုးရဟာ အမျိုးသားလုံခြုံရေးဆိုတဲ့ အယူအဆကို ယေဘုယျဆန်ဆန်လုပ်ပြီး တရုတ်ကုမ္ပဏီတွေကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ဖိနှိပ်ချုပ်ချယ်ဖို့အတွက် အစိုးရအာဏာကို အလွဲသုံးစားပြုတာလို့ ဝန်ဘင်ဝမ်က ဆိုပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်ဟာ ဈေးကွက်မူဝါဒတွေကို ချိုးဖောက်နေတာဖြစ်ပြီး တရုတ်ကုမ္ပဏီ တွေအတွက် မျှတပြီး ခွဲခြားဆက်ဆံမှု မရှိတဲ့ စီးပွားရေးဝန်းကျင်ကို စီစဉ်ပေးဖို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရသူက ပြောသွာပါတယ်။