စပိန်နှင့် ဆွီဒင် သရေကျပြီး ဆလိုဗက်ကီးယားနှင့် ချက်အသင်းနိုင်ပွဲရ

ဇွန်လ ၁၄ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စု (E) အဖွင့်ပွဲစဉ်မှာ နာမည်ကြီး စပိန်အသင်းနဲ့ ဆွီဒင်အသင်းတို့ ဂိုးမရှိသရေကျသွားပါတယ်။
ဒီပွဲမှာ စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းကျော်နဲ့ ကန်သွင်းခွင့်တွေ အများအပြားရခဲ့ပေမဲ့ တိုက်စစ်မှူးတွေ ဂိုးမသွင်းနိုင်တဲ့အတွက် သရေ တမှတ်စီခွဲယူခဲ့ရတာ ဖြစ်ပါတယ်။
အုပ်စု (E) တခြားပွဲစဉ်တစ်ခုမှာတော့ ဆလိုဗက်ကီးယားအသင်းက ပိုလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စု (D) မှာတော့ ချက်အသင်းက စတော့တလန်ကို၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီကနေ့ ဇွန်လ ၁၅ ရက်မှာတော့ အုပ်စု (F) က ပြင်သစ်နဲ့ ဂျာမနီ ၊ ဟန်ဂေရီနဲ့ ပေါ်တူဂီ အသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။
Photo Credit- Euro2020