မူးယစ်ဆေး တန် ၃၀ ကျော် ပီရူးဖျက်ဆီး

ပီရူးနိုင်ငံက အာဏာပိုင်တွေဟာ တရားမဝင် မူးယစ်ဆေးတန်ချိန် ၃၀ ကျော်ကို ဇွန် ၁၆ ရက်က ဖျက်ဆီးလိုက်ပါတယ်။
မူးယစ်ဆေး ၃၀ ဒသမ ၁၅၅ တန်ကို မီးရှို့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဟိုဆေးအဲလစ်က ပြောပေမယ့် ဒေသခံမီဒီယာကတော့ မီးရှို့ဖျက်ဆီးခံ မူးယစ်ဆေး ပမာဏကို ၃၃ တန်လို့ သတင်းထုတ်ပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး ၇၀ ရာခိုင်နှုန်းဟာ ကိုကင်းတွေဖြစ်ပြီး ဆေးခြောက် ဘိန်းစိမ်းနဲ့ အက်စ်တက်စီ စိတ်ကြွဆေးတွေလည်း ပါတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာ တိုင်းပြည်သမိုင်းမှာ အကြီးဆုံး မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုလည်း ဖြစ်ပါတယ်။
ပီရူးနိုင်ငံက ကိုကင်း ၇၅ ရာခိုင်နှုန်းကို ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ တောင်ပေါ်ဒေသ ဗယ်လေဒေ လော့စ်ရီးရော့စ် အာပူရီမက်မှာ ထုတ်လုပ်ပါတယ်။