close

ဘရာဇီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၅ သိန်းကျော်လာ

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၅ သိန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၁၇၉ သန်း ကျော် ရှိလာခဲ့ပြီဖြစ်ပြီး သိန်းနဲ့ချီ သေဆုံးတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်း ၁ သောင်းကျော်၊ ကူးစက်ခံရသူ ၃၄ ဒသမ ၄ သန်းကျော်ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၅ သိန်းကျော်၊ ကူးစက်ခံရသူ ၁၇ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃ သိန်း ၈ သောင်းကျော်၊ ကူးစက်ခံရသူ ၂၉ ဒသမ ၉ သန်းကျော်နဲ့ ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ပီရူး၊ ရုရှား၊ ယူကေ၊ အီတလီနဲ့ ပြင်သစ် နိုင်ငံ တွေမှာပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်းချီရှိလာတာကြောင့် သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအ တွက်ကတော့ ၃ ဒသမ ၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစုပေါင်း ကတော့ ၁၆၃ ဒသမ ၆ သန်းကျော် ရှိနေပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၁၀၀ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ က ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဂျပန်နဲ့ ဂျော်ဒန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၈,၀၂၂ ယောက်၊ သေဆုံးသူ ၃,၂၆၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၃,၆၀၆ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ထိပ်တန်းနိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ သိန်း ၉ သောင်းကျော်နဲ့ သေဆုံးသူ ၄,၄၀၈ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သိန်း ၁ သောင်းကျော်နဲ့ သေဆုံးသူ ၁,၆၂၉ ယောက် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂,၀၀၀ ကျော်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၄ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄၂,၀၀၀  ကျော်နဲ့ သေဆုံးသူ ၄၃၁ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၃,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၆၄ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၅၂ ယောက်နဲ့ သေဆုံ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up