မြင်းခြံတွင် လူငယ် ၉ ဦး ဖမ်းဆီးခံရ

2
မန္တလေးတိုင်း မြင်းခြံမြို့က ဒေသခံလူငယ်တွေကို စစ်ကောင်စီတပ်က ဇွန် ၂၀ ရက်မှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြင်းခြံမြို့ အမှတ် ၁၁ ရက်ကွက်က အမျိုးသမီး ၁ ဦးနဲ့ လူငယ် ၁ ဦး၊ အမှတ် ၆ ရပ်ကွက်က ဖုန်းဆိုင်ပိုင်ရှင် လူငယ် ၁ ဦးနဲ့ နွားကျောင်းသား ၆ ဦးတို့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က သူတို့ ၉ ဦးကို ဘာအတွက်ကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရသေးပါဘူး။