close

သတင်းထောက် ခက်ရှားဂျီကို သတ်ခဲ့သည့် ဆော်ဒီ ၄ ဦး အမေရိကန်တွင် စစ်သင်တန်းတက်ခဲ့

ဝါရှင်တန်ပို့စ် သတင်းဌာနရဲ့ သတင်းထောက် ဂျမဲလ်ခက်ရှားဂျီကို ၂၀၁၈ မှာ သတ်ဖြတ်မှုမှာ ပါဝင်တဲ့ ဆော်ဒီနိုင်ငံသား လေးယောက်ဟာ အမေရိကန်နိုင်ငံထဲမှာ အစိုးရဌာန အတည်ပြု ကန်ထရိုက်အရ မနှစ်က ပြည်သူ့စစ်သင်တန်းတက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဇွန်လ ၂၂ရက်မှာ သတင်းထုတ်ပါတယ်။

 ပုဂ္ဂလိက လုပ်ငန်းဖြစ်တဲ့ ဆာဘေရပ်စ် ပိုင်ဆိုင်မှု စီမံခန့်ခွဲရေးလုပ်ငန်းက ပိုင်ဆိုင်တဲ့ တိုင်ယာဝမ်း အုပ်စုက သင်တန်းပေးခဲ့တာပါ။ 

အမေရိကန်အစိုးရ ပြောခွင့်ရ နဒ်ပရိုက်စ်ကတော့ မီဒီယာတွေမှာ စွပ်စွဲထားတဲ့ လုံခြုံရေး တင်ပို့မှု လိုင်စင်ရလှုပ်ရှားမှုတွေ ဘယ်ဟာကိုမဆို အစိုးရဌာနက ဥပဒေအရ မှတ်ချက်ပေးလို့ မရဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ ဆော်ဒီအာရေဗျအပေါ် ချမှတ်ထားတဲ့ မူဝါဒဟာ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ် ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ ခက်ရှားဂျီကို သတ်တဲ့ အဖွဲ့ဝင် လေးယောက်ကို စစ်သင်တန်းပေးတာနဲ့ ပတ်သက်ပြီး ဆာဘေးရပ်စ်ရဲ့ အခန်းကဏ္ဍကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက မေးခွန်းထုတ်ရာမှာ ဆာဘေးရပ်စ် အကြီးတန်း အမှုဆောင်က စာရေးပြန်ကြား အတည်ပြုခဲ့ပါတယ်။

အမေရိကန်မှာ နေထိုင်ခွင့်ရထားပြီး ဝါရှင်တန်ပို့စ် သတင်းဌာနရဲ့ ကော်လံစား ပင်တိုင် ဆောင်းပါးရှင် ခက်ရှားဂျီဟာ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟမ်မဒ် ဘင်ဆယ်လ်မန် ကို ဝေဖန်ခဲ့သူဖြစ်ပါတယ်။

၂၀၁၈ မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အိမ်ရှေ့စံရဲ့ စစ်ဆင်ရေးအဖွဲ့က အသတ်ခံရပြီး တကိုယ်လုံး တစစီဖြတ်တောက်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up