ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ဗုံးကွဲ၊ ၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှာ ဗုံးကွဲလို့ ဇွန် ၂၃ ရက်မှာ လူ ၄ ဦး သေဆုံးပြီး တခြားလူ ၁၄ ယောက် ဒဏ်ရာရပါတယ်။
လာဟိုးမြို့ရဲ့ လူနေဒေသဖြစ်တဲ့ ဂျိုဟာမြို့မှာ ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်တွေ ကွဲကုန်ပြီး အပျက်အစီးတွေ ပြန့်ကျဲနေတဲ့ ပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း ရိုက်တာသတင်းဌာနက ရရှိခဲ့ပါတယ်။
လာဟိုးမြို့က ဗုံးဖြုတ်သိမ်းရေး တပ်ခွဲက အရာရှိတွေနဲ့ စုံစမ်းစစ်ဆေးသူတွေက ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သဲလွန်စတွေကို ရှာဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ရဲချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
ဖောက်ခွဲရေးပစ္စည်းကို အဝေးထိန်း ဖောက်ခွဲခဲ့တာလား ဒါမှမဟုတ် အသေခံ ဗုံးခွဲသမား လားဆိုတာ ရဲတွေက စုံစမ်းစစ်ဆေး နေတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှု အတွက် တာဝန်ခံသူတော့ မရှိသေးပါဘူး။
အာဖဂန် နယ်စပ်တလျှောက်က သူတို့ တပ်စခန်းတွေကို ပါကစ္စတန် စစ်တပ်က ထိုးစစ်ဆင်လာခဲ့ပြီးတဲ့နောက် အစ္စလာမစ်စစ်သွေးကြွအုပ်စုတွေက ပြန်တစခန်းထဖို့ ကြိုးစားနေ ကြပါတယ်။