မိုးကုတ်တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇွန် ၂၅ ရက်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးကုတ် ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ Semi lock down ချထားတဲ့ရပ်ကွက်နေ အသက် ၆၁ နှစ်အရွယ် ရောဂါအခံရှိသူဖြစ်ကာ ဆေးကုသမှုခံယူနေရင်း သေဆုံးတာလို့ သိရပါတယ်။
မိုးကုတ်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၆ ဦးထိရှိပြီး သေဆုံးသူတစ်ဦး ရှိပြီလို့ သိရပါတယ်။
လက်တလောမှာ မိုးကုတ်မြို့အဝင်ဂိတ်တွေဖြစ်တဲ့ ကျောက်ဖားဂိတ်၊ ပန်းမထိပ်ဂိတ်နဲ့ ရှုခင်းသာဂိတ်တွေမှာ ကိုဗစ်စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားပြီး စံတော်ဝင်ကွာရန်တင်းစင်တာပြန်လည်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။