ဟုမ္မလင်းမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၂၄ ဦးရှိလာ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဇွန် ၂၈ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၂၄ ယောက်ရှိ ရှိပြီလို့ သိရပါတယ်။
ဒေသခံပရဟိတလုပ်ကိုင်သူတစ်ဦးက “အခုက ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်ခံရသူများလာတယ်။ အခု ဟုမ္မလင်းပြည်သူ့ဆေးရုံဆေးမှာ ကိုဗစ်ကူးစက်ပြီး ဆေးရုံတက်သူ ၁၂၄ လောက်ရှိတယ်။ တစ်ချို့က ဟုမ္မလင်းမြို့နယ် ကျေးရွာတွေကလူတွေဖြစ်ပြီး သူတို့က ဟုမ္မလင်းမြို့ကို လာရင်း စစ်ဆေးတာကနေ ကိုဗစ်ပိုးတွေ့ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်အချို့ကို အသွားလာကန့်သတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်ပြီး သေဆုံးတာတော့ မရှိသေးဘူးလို့ သိရပါတယ်။