close

အင်္ဂလန်အသင်း တိုက်စစ်ဦးစားပေးပြီး ဆွဲဆောင်မှုရှိရှိကစားရန် နည်းပြဆောက်ဂိတ်ရည်မှန်း

အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့ တိုက်စစ်ဦးစားပေးကစားပြီး ဆွဲဆောင်မှုရှိရှိကစားဖို့က အသင်းရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က တုံ့ပြန်ပြောကြားလိုက်ပါတယ်။

အင်္ဂလန် ကစားသမားတွေဟာ အုပ်စုပွဲစဉ်တွေအတွင်းမှာ နောက်ပြန်ပေးမှုတွေများခဲ့လို့ ဆွဲဆောင်မှု မရှိတဲ့ ကစားပုံအဖြစ် ပရိသတ်တွေကဝေဖန်နေကြတာပါ။

နည်းပြဆောက်ဂိတ်ကတော့ တိုက်စစ်ဦးစားပေး ကစားချင်လို့ တိုက်စစ်ကစားသမား ၄ ဦးအထိအသုံးပြုခဲ့တာဖြစ်ကြောင်း ပြန်လည်တုံ့ ပြန်ခဲ့တာပါ။”

တိုက်စစ်ဦးစားပေးပြီး လွတ်လွတ်လပ်လပ်ကစားဖို့က သူတို့ရဲ့ ရည်မှန်းချက် ဖြစ်ပြီး၊ ပွဲတိုင်း တိုက်စစ် ၄ ယောက်ထားခဲ့ကာ ရှေ့ကိုဘောလုံးမပေးနဲ့တို့၊ မြန်မြန်မပေးနဲ့လို့ ပြောမထားကြောင်း ဘောလုံးနဲ့အတူ အကောင်းဆုံးကစားပုံပြသချင်တာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ဖြေရှင်းခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန်လ ၂၉ ရက် ည ၁၀ နာရီခွဲမှာ ဂျာမနီအသင်းနဲ့ ၁၆ သင်းအဆင့်ရူံးထွက်ပွဲစဉ်အဖြစ် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up