ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ

ယင်းမာမြို့နယ်၊ ကပိုင်ကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ဦး တူမီးသေနတ်နဲ့ အနီးကပ်ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ကပိုင်ကျေးရွာသားတွေဆီက သိရပါတယ်။
“ပစ်သတ်ခံခဲ့ရသူရဲ့ အမည်က ရန်နိုင်ပါ။ ဒီကောင်က အကြမ်းဖက်စစ်ကောင်စီတပ်တွေကို သတင်းပေး၊ လမ်းကြောင်းပြလုပ်နေသူဖြစ်ပြီး သူ့ကိုယ်သူ ပျူစောထီးလို့ ကြွေးကြော်ကာ ကျနော်တို့ ရွာသူရွာသားတွေကို ခြိမ်းခြောက်တယ်။ ဘယ်အဖွဲ့က သတ်တယ်တော့ ကျနော်တို့ မပြောတတ်ဘူးဗျ။ အသတ်ခံရတာတော့ သေချာတယ်” လို့ အမည်မဖော်လိုသူ ကပိုင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ကပိုင်ကျေးရွာဟာ ယင်မာပင်ခရိုင်အတွင်းက ကျေးရွာတစ်ရွာဖြစ်ကာ ဧပြီ ၂၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၈ ယောက် ထက်မနည်းကျဆုံးသွားကာ တချို့ဖမ်းဆီးခံခဲ့ရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။