close

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုအတိဒုက္ခရောက်နေဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

စစ်ကောင်စီအုပ်ချုပ်တဲ့ ၅ လ တာကာလအတွင်း ပြည်ထောင်စုကြီးဟာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးမှာ အစစအရာရာအတိဒုက္ခရောက်စေခဲ့ပြီး ကျီးလန့်စာ စားနေရတဲ့ဘဝကို တွန်းပို့စေခဲ့တယ်လို့  ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ရဲ့  ယာယီ ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) မှ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဇူလိုင်လ ၁ ရက်နေ့မှာ ကျင်းပတဲ့ (PPST)အစည်းဝေးအဖွင့်မိန့်ခွန်းမှာ ပြောဆိုလိုက်တာပါ။

အခုလက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ညီနောင်တိုင်းရင်းသားတွေကြားက စစ်ရေးပွတ်တိုက်မူတွေမှာ နိုင်ငံရေးအရပါဝင်ပတ်သက်မှုတွေရှိနေလို့ စစ်ရေးပွတ်တိုက်မှုူဟာ ပိုမိုကျယ်ပြန့် ကြီးမာလာနိုင်ပြီး တစ်နိုင်ငံလုံး နိုင်ငံရေးကိုပါ ရိုက်ခတ်လာနိုင်တယ်ဆိုတာ သတိပြုစေလိုကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က  သတိပေးစကားပြောကြားပါတယ်။

ဒီကနေ့အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးယွက်စစ်က  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း ဘုံသဘောတူညီချက်တွေချမှတ်နိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဦးဆောက်မှု အခန်းကဏ္ဍကိုလည်း ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/ SSA) နဲ့ ရှမ်းပြည်တိုးတတ်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ပူးပေါင်း မဟာမိတ် တပ်ဖွဲ့ တို့ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွေမှာ တိုက်ပွဲအပြင်းအထန်းဖြစ်ပွားနေပြီး တိုက်ပွဲရှောင်ဦးရေ ထောင်နဲ့ချီ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up