အီတလီမြောက်ပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ဓာတ်ငွေယိုစိမ့် မီးလောင်၊ ၂ ဦးသေဆုံး

3
အီတလီနိုင်ငံမြောက်ပိုင်း မီလန်နဲ့ နေပယ်မြို့ နှစ်မြို့ကို ဆက်ထားတဲ့ ကားလမ်းကို ဇွန်လ ၂၂ ရက်က တစိတ်တပိုင်း ပိတ်ထားခဲ့ရပါတယ်။
ဒေသစံတော်ချိန် မနေ့ မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ကားတစီးနဲ့ ကားကြီး နှစ်စီးကြားမှာ နောက်ထပ် ကားတစီး ညပ်တိုက်မိခဲ့ပြီး ဓာတ်ငွေ့ယိုစိမ့် မီးလောင်ခဲ့လို့ လူ ၂ယောက် သေဆုံးခဲ့လို့ ကားလမ်းပိတ်ထားခဲ့ရတာပါ။
အီတလီမြောက်ပိုင်း ပီယာစန်ဇာ ဒေသက အေဝမ်းကားလမ်းမှာ ရှိနေတဲ့ မီးသတ်သမားတွေက ကားတွေကို မီးငြှိမ်းသတ် ခဲ့ရပါတယ်။