close

ပုသိမ်တွင် ဘုရားဖူးခွင့်ရရန် ကိုယ်ရေးအချက်အလက်အပြည့်အစုံ ပေးရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားဖူးခွင့်ရဖို့အတွက် ကိုယ်ရေးအချက်အလက်အပြည့်အစုံပြော ရတာမျိုးတွေ ရှိလာတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ရဲ့ သမိုင်းဝင်စေတီတော်ဖြစ်တဲ့ ရွှေမုဌောစေတီတော်ကို ဖူးမျှော်ဖို့လာတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့အမိန့်နဲ့ ဘုရားလုံခြုံရေးတွေက ကိုယ်ရေးအချက်အလက် ပြည့်စုံအောင်မေးပြီးမှ ဝင်ခွင့်ပေးတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

“ဘုရားက စစ်တပ်အာဏာသိမ်းပြီးမှ ပြန်ဖွင့်တာ၊ အရင်က ကိုဗစ်ကြောင့် ပိတ်ထားရတာ။ ကိုဗစ်ကာလကတောင် တောင်းတာမရှိဘူး ခုမှတောင်းတာ အဓိကတော့ ဗုံးခွဲခံရမှာ ကြောက်လို့ထင်တယ်၊ ဒါကလည်း ကျနော်တို့ပြည်သူတွေမလုပ်ဘူး သူတို့ပဲလုပ်မှာ” လို့ ဒေသခံ တဦးက ပြောပါတယ်။

ဘုရားဖူးဖို့အတွက် ခုလို ကိုယ်ရေးအချက်အလက်ပေးပြီး ဝင်ရတာဟာ ကိုယ့်ဘာသာ သာသာနကို ကြည်ညိုခွင့်ရဖို့အတွက် ကန့်သတ်ချက်တစ်ခုလိုဖြစ်နေတယ်လို့ ဒေသခံအများစုက ပြောပါတယ်။

NLD အစိုးရလက်ထက်က ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ပိတ်ထားတဲ့ဘုရားတွေကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအကြာမှာ ပြန်ဖွင့်ပေးခဲ့ပြီး ဘုရားဖူးမျှော်ဖို့အတွက် ကိုယ်ရေးအချက်အလက်တောင်းတာတွေ ပြုလုပ်လာတာပါ။

မြို့ပေါ်မှာမရှိတဲ့ ရပ်ကွက်တွေထဲက ဘုရား ကျောင်း ကန် စေတီ ပုထိုးတွေမှာတော့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ခံတပ်ပုံစံမျိုးပြုလုပ်ထားတာကာ ဒေသခံပြည်သူတွေကို စိတ်ဒုက္ခ အမျိုးမျိုးပေးနေတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up