close

ဒီပဲယင်း ဆပ်ပြာကျင်းရွာတိုက်ပွဲ PDF အဖွဲ့ဝင် ၁၈ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှာ ဇူလိုင် ၂ ရက်နေ့မနက်ပိုင်းကစပြီး ညပိုင်းအထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၁၈ ဦးကျဆုံးခဲ့တယ်လို့ အခုညနေပိုင်း D PDF ပြန်ကြားရေးက စိစစ်အတည်ပြုပြောပါတယ် ။

“ကျနော်တို့ အားလုံးစိစစ်အတည်ပြုပြီးပါပြီ၊ မနက်ပိုင်းက ၉ ဦးကျဆုံးတယ်လို့ ပထမ သတင်းထုတ်ပြန်ခဲ့ပြီး ဆက်လက် စုံစမ်းစိစစ်လိုက်တော့ နောက်ထပ် ၉ ဦးထပ်တိုးတယ်။ အားလုံး ၁၈ ဦး ကျဆုံးဖြစ်သွားပါပြီ” လို့ ပြောပါတယ်။

ကျဆုံးသူတွေဟာ သေနတ်ကျည်ထိမှန်ခံရတာထက် လက်နက်ကြီးပစ်ခတ်ခံရလို့ အကျအဆုံးများရတာဖြစ်ပြီး ဘယ်တော့မှ နောက်ဆုတ် ကြောက်ရွံ့နေမှာမဟုတ်ဖူးဘဲ အရေးတော်ပုံအောင်မြင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ PDF အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ကျနော်တို့ PDF တွေ အကျအဆုံးများတာက သူတို့ဘက်က RPG ခေါ်မလား စိန်ပြောင်း ခေါ်မလားတော့မသိဘူးလက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်လို့ လက်နက်ကြီးကျည်ထိလို့ ကျဆုံရတာပါ။ ဒီအတွက် တစ်မြို့နယ်လုံးကလည်း ဝမ်းနည်းကြတယ်။ ကျဆုံးအာဇာနည်တွေအတွက်လည်း ဂုဏ်ယူပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အရေးတော်ပုံမအောင်မခြင်း ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ ဘာမှကို ကြောက်ရွံ့နေကြမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့ မနက် ၆ နာရီကစပြီး ညပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ အကြမ်ဖက်စစ်တပ်နဲ့ PDF တို့တိုက်ပွဲမှာ PDF ဘက်က ၁၈ ဦးကျဆုံး၊ ၁၀ ဦးဒဏ်ရာရခဲ့ပြီး၊ အကြမ်းဖက်စစ်တပ်ဘက်က ၄ ဦးသေ၊ ၇ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up