close

မအူပင်မြို့တွင် အလယ်တန်းပြကျောင်းဆရာမ ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဇူလိုင် ၅ ရက်နေ့ မနက်ပိုင်းက အလယ်တန်းပြ ကျောင်းဆရာမ ၁ ဦး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တဲ့ ကျောင်းဆရာမဟာ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့က အတည်ပြုလူနာဖြစ်ခဲ့လို ဆေးရုံတက်ရောက်နေတာလို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းဆရာမဟာ ရောဂါအခံရှိသူဖြစ်ပြီး ကာကွယ်ဆေးထိုးထားသူဖြစ်တယ်လို့လည်း သိရပါတယ်။

မအူပင်မြို့နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင် ၄ ရက်နေ့ထိ အတည်ပြုလူနာ အယောက်  ၆၀  ရှိနေပြီး  အဆိုပါကျောင်းဆရာမဟာ ပထမဆုံးသေဆုံးသူဖြစ်ပါတယ်။

ဧရာဝတီတိုင်းက ပုသိမ်၊ မြောင်းမြ၊ သာပေါင်းစတဲ့မြို့နယ်က စာသင်ကျောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ထားခဲ့ပေမယ့် မအူပင်မြို့နယ်မှာတော့ ကျောင်းတွေဖွင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up