နံပါတ် ၁၀ အင်္ဂလန်ဂျာစီဖြင့် အဲရစ်ဆင်ကို အင်္ဂလန်အသင်းသားများ ဂုဏ်ပြု

အင်္ဂလန်အသင်းသားတွေဟာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို အားပေးဂုဏ်ပြုတဲ့အနေနဲ့ လက်မှတ်ထိုးထားတဲ့ ကျောနံပါတ်၁၀ ဂျာစီကို ပေးအပ်ခဲ့ပါတယ်။
အင်္ဂလန်က ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ အသင်းခေါင်းဆောင် ဟာရီကိန်းက ဒိန်းမတ်အသင်းခေါင်းဆောင် ခါဂျာကို ပေးအပ်ခဲ့တာပါ။
အဲရစ်ဆင်ဟာ ဖင်လန်နဲ့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲအုပ်စု ပွဲစဉ်မှာ နှလုံးဖောက်ပြီး ကွင်းထဲလဲကျခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။
လက်ရှိအချိန်မှာ ပြန်လည်ကောင်းမွန်လာပေမယ့်လည်း ဘောလုံးမကစားနိုင်သေးတဲ့ အဲရစ်ဆင်ကို အင်္ဂလန်အသင်းသားတွေက အားပေးဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ စပါးကစားသမားဟောင်း အဲရစ်ဆင်ဟာ အင်္ဂလန် အသင်းခေါင်းဆောင်ဟာရီကိန်းနဲ့ အတွဲညီညီ ခြေစွမ်းပြခဲ့ဖူးပါတယ်။
ဟာရီကိန်းဟာ အဲရစ်ဆင်ရဲ့ အခြေအနေကို မေးမြန်းခဲ့ပြီး အဆင်ပြေတယ်လို့ အဲရစ်ဆင်က ပြန်လည်ပြောပြခဲ့ကြောင်း သိရပါတယ်။