အဲရစ်ဆင်၏ဖြစ်ရပ်က အသင်းကိုပိုပြီးစည်းလုံးညီညွတ်စေခဲ့ဟု ဒိန်းမတ်အသင်းခေါင်းဆောင်ပြော

အဲရစ်ဆင်ရဲ့ဖြစ်ရပ်က အသင်းသားတွေကို စည်းလုံးညီညွတ်မှုဖြစ်စေခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရာလမ်းကြောင်းမှာ အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ ဒိန်းမတ်အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာက ပြောပါတယ်။
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယူရိုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖင်လန်နဲ့ပွဲမှာ ကွင်းထဲလဲကျခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံခဲ့ရတာပါ။
အဲရစ်ဆင်က အသင်းသားတွေထဲကို တစုံတရာ လုပ်ဆောင်ခဲ့ကာ အတူတကွရှင်သန်ပြီး အတူတကွလုံခြုံမှုရရှိခဲ့ကြကြောင်း သူတို့ဘေးမှာရှိတဲ့ လူတွေကို ယုံကြည်နိုင်တယ်ဆိုတာ သိမြင်ခဲ့ပြီး၊ တစ်ဦး တစ်ယောက် ဒုက္ခတွေ့ရင် တခြားသူတွေက ကူညီနိုင်တယ်ဆိုတာ သိလာကြောင်း၊ ဒီလိုအခြေအနေက လုံခြုံစိတ်ချရမှုရှိစေပြီး အဲရစ်ဆင်ဟာလည်း အဲဒါတွေကြောင့် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း အသင်းခေါင်းဆောင်ခါဂျာက ပြောပါတယ်။
ဒိန်းမတ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ချက်အသင်းကို ၂ ဂိုး ၁ဂိုးနဲ့အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။