close

ထားဝယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဇူလိုင် ၇ ရက် မနေ့ညပိုင်းက စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ရောင်းမော်ရွာက စာသင်ကျောင်းမှာ နေရာယူထားတဲ့ ပျူစောထီးအဖွဲ့ကို ဒေသခံ PDF က သွားရောက်တိုက်ခိုက်ရာမှာ စစ်တပ်က စစ်ကူရောက်လာခဲ့တယ်လို့ ဒေသခံ PDF တယောက်က ပြောပါတယ်။

“ည ၁၁ နာရီလောက်မှာ စ ဖြစ်တာ။ ပျူစောထီးတွေက စစ်တပ်ကို အကြောင်းကြားတော့ ထားဝယ်တပ်က ကား ၅ စီးနဲ့ လာတယ်။ ၂ စီးကိုတော့ မိုင်းခွဲလိုက်တယ်။ ၃ စီးကတော့ ဖြစ်စဉ်နေရာကို ရောက်လာတယ်။ သူတို့ဘက်က ၅ ယောက်လောက်သေမယ်လို့ ခန့်မှန်းတယ်။ အတိအကျက မသိရသေးပါဘူး” လို့ ပြောပါတယ်။

စစ်တပ်က စစ်ကူရောက်လာတာကြောင့် PDF ဘက်က ဆုတ်ခွာခဲ့ပြီး မနက် ၂ နာရီလောက်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။

“စစ်တပ်က ဒီမနက်မှာ တောနင်းလိုက်ရှာရင်း ခြံလုပ်နေတဲ့ ဒေသခံတွေကို ဖမ်းသွားတယ်လို့တော့ သိရတယ်။ ဘယ်နှစ်ယောက်လဲတော့ မသိရသေးဘူး။ PDF တွေအားလုံးကတော့ လုံခြုံတဲ့ နေရာရောက်နေပြီ” လို့ PDF အဖွဲ့ဝင်တယောက်က ပြောပါတယ်။

တိုက်ပွဲမှာ  PDF ဘက်က ၂ ယောက် ကျဆုံးတယ်လို့ သတင်းထွက်နေပေမဲ့ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်လို့ အတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up