ဆောမြို့နယ်တွင် PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲမှာ ဇူလိုင် ၆ ရက်နေ့မနက်ပိုင်းက PDF (ဆော) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ယောက်က “ဆောမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာ ဟုတ်ပါတယ် လက်နက်ကြီးပစ်ခတ်သံတွေ တောက်လျှောက်ကြားနေရပြီးတော့ အကြမ်းဖက်စစ်ကောင်စီဘက်က အင်အား ၇၅ ယောက်လောက်ရှိမယ်” လို့ ပြောပါတယ်။
ဆောမြို့နယ်ထဲမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း သေဆုံး ဒဏ်ရာရတာတွေရှိသလို PDF အဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိနေပေမယ့် အရေအတွက်တွေကိုတော့ အတိကျ အတည်ပြုချက်မပေးနိုင်သေးဘူးလို့ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေရဲ့ အနီးနားပတ်ဝင်းကျင်မှာရှိတဲ့ ဒေသခံရွာသားတွေဟာ ရွားလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။