မန္တလေးတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် ၂၄ ဦးသေဆုံး









မန္တလေးမြို့မှာ ဇူလိုင် ၈ ရက်က ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၄ ဦးထိ ရှိလာတယ်လို့ မြို့ခံပရဟိတအသင်းတစ်ခုဆီက သိရပါတယ်။
ဇူလိုင် ၈ ရက်က ကိုဗစ်ရောဂါကြောင့် သေဆုံးသူများမှ မန္တလေးဆေးရုံကြီးက ၁၈ ဦး၊ အလုပ်သမားဆေးရုံမှာ ၁ ဦးနဲ့ ရပ်ကွက်တွေထဲမှာ ကိုဗစ်သံသယနဲ့ သေဆုံးသူ ၅ ဦး စုစုပေါင်း ၂၄ ဦး ရှိပါတယ်။
ဇူလိုင် ၇ ရက်ကလည်း ကိုဗစ်ရောဂါကြောင့် မန္တလေးကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံမှာ တစ်လခွဲအရွယ် ကလေးငယ်တစ်ဦး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ၇ ဦး၊ ကန်တော်ကြီး သံဃာ့ဆေးရုံက ၁ ဦး၊ ရပ်ကွက်တွေက ကိုဗစ်ရောဂါသံသယ ေ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပါတယ်။
ကိုဗစ်ကြောင့် သေဆုံးသူတေါကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာနကေို ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
သေဆုံးသူအများစုက အောက်စီဂျင်မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးရတာလို့ မြို့ခံလူမှုကူညီရေးအသင်းတစ်သင်းက သိရပါတယ်။
ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြ ကြိတ်ကုနေတာတွေရှိနေပြီး ကိုဗစ်ရောဂါ သံသယနဲ့ သေဆုံးသူတွေလည်း များစွာ ရှိနေပါတယ်။