close

အမေရိကန်တပ်စွဲထားသည့် အီရတ်လေတပ်အခြေစိုက်စခန်း ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရ

အမေရိကန်နဲ့ တခြားနိုင်ငံတကာတပ်တွေ တပ်စွဲထားတဲ့ အီရတ်လေတပ် အခြေစိုက်စခန်းကို ဇူလိုင် ၇ ရက်က ဒုံးကျည် ၁၄ လုံးထက်မနည်း ထိမှန်လို့ လူ ၂ ယောက် ဒဏ်ရာနည်းနည်း ရသွားတယ်လို့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံထဲက ကာဒစ်ရှ်တွေဦးဆောင်တဲ့ တပ်တွေကတော့ အမေရိကန်စစ်တပ်တွေ လှုပ်ရှားနေတဲ့ ဧရိယာကို ဒရုမ်းယာဉ်နဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အီရန်ကကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်တွေ ခြေကုပ်ယူထားတဲ့ အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်တပ်တွေ စစ်ဆင်ရေး လုပ်နေတာကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လတ်တလောမှာ ပိုတိုးလာနေပါတယ်။

ခုတကြိမ် တိုက်ခိုက်မှုက ဘယ်သူ့လက်ချက်ဆိုတာ ချက်ချင်း အခိုင်အမာ မသိရသေးပါဘူး။ အင်္ဂါနေ့က အီရတ်မြောက်ပိုင်း အာရ်ဘီလေဆိပ်မှာ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားပြီး ဒရုမ်းယာဉ်နဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ကာဒစ်ရှ် လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တနင်္လာနေ့ကလည်း  အိန်းအယ်လ် အာဆတ်မြို့ကို ဒုံးကျည် ၃ စင်း ထိမှန်ခဲ့ပေမယ့် ထိခိုက် သေဆုံးသူ မရှိခဲ့ပါဘူး။

၂၀၁၅ အီရန် နျူကလီးယားသဘောတူညီချက်ကို အီရန်နဲ့ အမေရိကန် ၂ နိုင်ငံလုံး ပြန်လေးစားလိုက်နာရေး ရည်မှန်းပြီး အီရန်နဲ့ သွယ်ဝိုက် ဆွေးနွေးနေခဲ့ပါတယ်။ နောက်တချီ ဆွေးနွေးပွဲတွေအတွက် ရက်စွဲကို မသတ်မှတ်ရသေးပါဘူး။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up