close

ဟုမ္မလင်းမြို့အနီး မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးမှာ ဇူလိုင် ၉ ရက်  ဒီနေ့မနက်က  အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန် မနက် ၆ နာရီ ၅၆ မိနစ်၊ ၂၉ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၇၀ ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၂၁ ဒီဂရီ၊ အနက်  ကီလိုမီတာ ၈၀ ကို ဗဟိုပြုပြီး  မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မရရှိသေးပါဘူး။ 

RFF- မိုးဇလ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up